


(ပြည်တွင်း) ဖေဖော်ဝါရီ ၂၁
ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်ရှိ ပွန်ချောင်းတံတားအား KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူများက ထပ်မံ၍ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
ဖေဖော်ဝါရီလ ၂၀ ရက် ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင်လည်း KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများသည် ဖားဆောင်း မြို့၏ အရှေ့မြောက်ဘက် မီတာ ၁၈၀၀ ခန့်အကွာ ဝမ်အောင်း-ချိကွဲ့-စောင်းလော့ လမ်းကြောင်း ပေါ်ရှိ အများပြည်သူအားထား အသုံးပြုလျက်ရှိသည့် သံကူကွန်ကရစ် အမျိုးအစား ပွန်ချောင်းတံတားအား ထပ်မံ၍ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တံတား၏အရှေ့ ဘက် ချဉ်းကပ်လမ်းနှင့် ကပ်လျက် တံတားတိုင်အမှတ်၊ K-2 မှ P-4 ထိ အရှည် ၆၅ ပေခန့် ကျိုးကျပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင်လည်း ဒေသခံပြည်သူများ အားထားအသုံးပြုလျက်ရှိသည့် မယ်စဲ့မြို့နယ်၊ ဖားဆောင်းမြို့အနီးရှိ သံလွင်တံတား (ဖားဆောင်း)အား ဆင်ခြင်တုံတရားမဲ့စွာဖြင့် မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့မှုကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။