



(မှုခင်း) ဖေဖော်ဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ကန်ကြီးထောင့်မြို့နယ်၊ အပင်နှစ်ဆယ်ကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာတွင် ယနေ့ နံနက် ၃ နာရီခွဲအချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ ပုသိမ်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကန်ကြီးထောင့်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက် ၄ နာရီ၂၀ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် နေအိမ်(၃)လုံးပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ မီးလောင်မှုဖြစ်စဥ်နှင့်ပတ်သတ်၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။