


(မှုခင်း) ဖေဖော်ဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ ငှက်ပျောတောလမ်း၌ မွန်းတည့် ၁၂နာရီ၂၀မိနစ်အချိန်က အထည်ချုပ်စက်ရုံ မီးလောင်မှုဖြစ်ပွားနေကြောင်း သိရသည်။
မီးလောင်သည့်နေရာသို့ ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ ရေသယ်ယာဉ်(၂)စီး ထွက်ခွာလျက်ရှိကြောင်း သိရသည်။
ထို့နောက် မွန်းတည့် ၁၂ နာရီ၂၅မိနစ် အချိန် Level 1 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်လျက်ရှိရာမှ မွန်းလွဲ၁နာရီကျော်အချိန်တွင် Level 2 ယာဉ်အုပ်စုများနှင့် ဌာနချုပ်ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်လျက်ရှိကြောင်း ကနဦး သတင်းရရှိသည်။