ထိုင်းရောက် မြန်မာလုပ်သားအမျိုးသမီးတစ်ဦး ထာ့ချလုံမြစ်အတွင်း ခုန်ချ သေဆုံး

(နိုင်ငံတကာ) ဖေဖော်ဝါရီ ၁၈

မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသမီးတစ်ဦးဟာ ထိုင်းနိုင်ငံ စမွ့တ်စာခွန်ခရိုင် မဟာချိုင်မြို့အနီးမှာရှိတဲ့ ထာ့ချလုံ မြစ်ချောင်းအတွင်းကို ခုန်ချပြီး အဆုံးစီရင်သွားတယ်လို့ သိရပါတယ်။

အသက် ၄၆ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညသန်းခေါင်းပိုင်းက မြစ်ထဲခုန်ချကာ အဆုံးစီရင်သွားတာဖြစ်ပြီး သူ့ရဲ့ အလောင်းကိုတော့ ဒီနေ့ နံနက် ၈ နာရီအချိန်ခန့်မှာ ပြန်လည်တွေ့ရှိခဲ့ရဲတပ်ဖွဲ့ရဲ့ပြောကြားချက်ကို ကိုးကားပြီး ထိုင်းသတင်းတစ်ချို့က ဖော်ပြပါတယ်။ဖြစ်စဉ်ကို ထိုင်းအာဏာပိုင်တွေက စုံစမ်း စစ်ဆေးနေတယ်လို့ သိရပါတယ်။