
(ပြည်တွင်း) ဖေဖော်ဝါရီ ၁၈
PDF အကြမ်းဖက်သမားများထောင်ထားသည့် နင်းမိုင်းပေါက်ကွဲမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့တွင်နေထိုင်သည့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၊ သစ်ရာမြိုင်ရပ်ကွက်တွင်နေထိုင်သည့် ဒေါ်စန်းစန်းဝင်း(ခ)ညိုပြာ(၃၄)နှစ်သည် ကြာတကံကျေးရွာတောင်ဘက် သုံးမိုင်ခန့်အကွာရှိ တောအတွင်း၌ ထင်းခုတ်နေစဉ် PDFအကြမ်းဖက်သမားများ ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိခဲ့သည့်အတွက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
အဆိုပါပေါက်ကွဲခဲ့မှုကြောင့် ယင်းအမျိုးသမီးထံတွင် မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သည့်အတွက် ကန့်ဘလူမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသနေကြောင်း သိရသည်။
အကြမ်းဖက် ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။