PDF ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် မတ္တရာက အရပ်သားတစ်ဦး ထိခိုက် ဒဏ်ရာရ

(ပြည်တွင်း) ဖေဖော်ဝါရီ ၁၁

PDF အကြမ်းဖက်သမားများထောင်ထားသည့် နင်းမိုင်းပေါက်ကွဲမှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်မှ အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မတ္တရာမြို့နယ်၊ မြွေပုန်ကန်ကျေးရွာနေ ဒေါ်လှမြင့်ကြည် (၄၇)နှစ်သည် ဇီးကုန်းကျေးရွာမှ မြွေပုန်ကန်ကျေးရွာသို့ ပြန်လာစဉ် ၎င်း၏နေအိမ်အနီးအရောက်၌ PDF အကြမ်းဖက်သမားများ ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိခဲ့သည့်အတွက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ၎င်းတွင် မိုင်းသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့သည့်အတွက် မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံတွင်ဆေးဝါးကုသနေကြောင်း သိရသည်။
အကြမ်းဖက်ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။