
(မိုး/ဇလ) ဖေဖော်ဝါရီ ၁၁
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့အနီးတွင် ယနေ့ ဖေဖော်ဝါရီ ၁၁ ရက် နံနက်အစောပိုင်းက အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ငလျင်သည် ဆိပ်ဖြူမြို့၏ အနောက်မြောက်ဘက် ၂၂ မိုင်ခန့်အကွာ၊ မြေအနက် ၃၅ ကီလိုမီတာကို ဗဟိုပြုကာ ရစ်ခ်တာစကေး ၃ ဒသမ ၆ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်အဖြစ် နံနက် ၁ နာရီ ၃၄ မိနစ် ၄၆ စက္ကန့်တွင် လှုပ်ခတ်ခဲ့ကြောင်းသိရသည်။