ပြည်ခိုင်ဖြိုးပါတီကို တရုတ်ကွန်မြူနစ်ပါတီ (CCP) က ရွေးကောက်ပွဲအောင်မြင်မှုဂုဏ်ပြုသဝဏ်လွှာပေးပို့

(ပြည်တွင်း) ဖေဖော်ဝါရီ ၆

၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရဲ့ မဲဆန္ဒနယ်အများအပြားမှာ အနိုင်ရရှိခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီကို တရုတ်ကွန်မြူနစ်ပါတီ (CCP) က ရွေးကောက်ပွဲအောင်မြင်မှုဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့တယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲအောင်မြင်မှုအတွက် ပါတီဥက္ကဋ္ဌဦးခင်ရီထံကို တရုတ်ကွန်မြူနစ်ပါတီ(CCP) က ပေးပို့တဲ့ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စမာကျား က ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နှစ်သစ်ကူး အထိမ်းအမှတ် ယဉ်ကျေးမှုဖျော်ဖြေပွဲအခမ်းအနား ရန်ကုန်မြို့မှာရှိတဲ့ အမျိုးသားကဇာတ်ရုံမှာ ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ပါတီဒုတိယဥက္ကဋ္ဌ မြတ်ဟိန်း၊ ဦးမျိုးဇော်သိမ်းတို့တက်ရောက်အားပေးခဲ့ကြတယ်လို့သိရပြီး အဆိုပါအခမ်းအနားတက်ရောက်လာစဉ်မှာ လက်ခံရရှိခဲ့တာလို့ သိရပါတယ်။

ပြည်ခိုင်ဖြိုးပါတီဟာ ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲရလာဒ်အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်မှာ ၂၃၁ ဦး၊ အမျိုးသားလွှတ်တော် FPTP မှာ ၆၃ ဦး၊ PR မှာ ၄၅ ဦး၊ စုစုပေါင်း ၁၀၈ ဦး၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် FPTP မှာ ၂၂၂ ဦး PR မှာ ၁၅၇ ဦး စုစုပေါင်း ၃၇၉ ဦး တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်မှာတော့ ၂၁ ဦး အနိုင်ရရှိထားတာဖြစ်ပါတယ်။