မော်လိုက်မြို့အနီးကိုဗဟိုပြုပြီး အင်အားအသင့်တင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်

(မိုး/ဇလ) ဖေဖော်ဝါရီ ၆

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့အနီးတွင် ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းတွင် အင်အားအသင့်တင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

မြန်မာစံတော်ချိန် နံနက် ၇ နာရီ ၃ မိနစ် ၀၇ စက္ကန့်တွင် လှုပ်ခတ်ခဲ့ပြီး ကန့်ဘလူမြေငလျင်စခန်းမှ အနောက်မြောက်ဘက် မိုင် ၃၄ ခန့်အကွာ မော်လိုက်မြို့၏ အရှေ့–အရှေ့တောင်ဘက် မိုင် ၄၃ ခန့်အကွာကို ဗဟိုပြု၍ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြေငလျင်၏ ဗဟိုချက်မှာ မြောက်လတ္တီတွဒ် ၂၃ ဒသမ ၄၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒသမ ၀၇ ဒီဂရီတွင် တည်ရှိပြီး အနက် ၇၅ ကီလိုမီတာခန့်အနက်မှ လှုပ်ရှားခဲ့ခြင်းဖြစ်ပြီး အင်အား ရစ်ခ်တာစကေး ၄ ဒသမ ၉ အဆင့်ရှိပြီး အင်အားအသင့်တင့်ရှိသော မြေငလျင်ဖြစ်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။