တောင်ညိုလမ်းတွင် ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ယာဉ်တိမ်းမှောက်သဖြင့် ၁၂ ဦးခန့်သေဆုံး

(မှုခင်း)ဇန်နဝါရီ ၂၉

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်မှ တပ်ကုန်းမြို့နယ်သို့ ဖျော်ဖြေရန် ထွက်လာသည့် ဇာတ်သဘင်အဖွဲ့ ယာဥ်တစ်စီး တောင်ညိုလမ်းပေါ်၌ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

ယမန်နေ့ ညပိုင်းက လူ၂၇ဦးလိုက်ပါလာသည့် ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့သည် တောင်တွင်းကြီးမြို့မှ တပ်ကုန်းမြို့သို့ ဖျော်ဖြေရန် သွားရောက်ရာ တောင်ညိုလမ်းပေါ်၌ ဇာတ်ကား တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ၁၂ဦး သေဆုံးခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရသူများလည်း များပြားကြောင်း မွန်မြတ်သူလူမှုကူညီရေးအသင်းထံမှ သိရပါသည်။

အဆိုပါ ဖြစ်ရပ်ကြောင့် သဘင်လောကအတွက် အလွန်တရာ ဝမ်းနည်းကြေကွဲရကြောင်း ၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို) မှလည်း ညတွင်းချင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ချိတ်ဆက်ဆောင်ရွက်လျက်ရှိပြီး နံနက်ပိုင်းတွင် အခင်းဖြစ်ပွားရာ နေရာသို့ အမှုဆောင်များ ကိုယ်တိုင် သွားရောက်ကာ လိုအပ်သော အကူအညီများ ဆက်လက် ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။