

(မှုခင်း)ဇန်နဝါရီ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကျောက္ကဒင်ကျေးရွာအုပ်စု၊ ကမာနိဗ္ဗာန်ကျေးရွာတွင် ယမန်နေ့နံနက် ၉နာရီကျော်ချိန်က မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
ဇန်နဝါရီလ ၂၈ရက်နေ့ နံနက်ပိုင်းက ကမာနိဗ္ဗာန်ကျေးရွာနေ ဦးဝင်းမြင့်၏ (၂၀x၂၈)ပေ၊ သွပ်မိုး၊ ကေျာက်ပြား /ထရံကာ၊ ပျဉ်ခင်း(၁)ထပ်နေအိမ်တွင် သွယ်တန်းထားသော ဝါယာကြိုးအပူလွန်ကဲပြီး မီးစတင် လောင်ကျွမ်းမှုဖြစ်ပွားသဖြင့် လှည်းကူးမြို့နယ်မီးသတ်စခန်းနှင့် (၁၁)မိုင်အမြန်လမ်း နယ်မြေမီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ်(၃)စီးတို့ဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့ရာ
နံနက် ၉ နာရီ ၄၆ မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် (၂၀x၂၈)ပေ၊ သွပ်မိုး၊ ကေျာက်ပြား/ထရံကာ၊ ပျဉ်ခင်း(၁)ထပ်နေအိမ် (၁)လုံး၊ (၁၅x၁၅)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၁)ထပ်နေအိမ် (၁)လုံး၊ စုစုပေါင်း နေအိမ်(၂)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ ပိုင်ရှင် ဦးဝင်းမြင့်(၆၆)နှစ်အား လှည်းကူးမြို့မရဲစခန်းမှ (ပ)၁၄/၂၀၂၆၊ ရာဇသတ်ကြီးဉပဒေပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။