ယုဇနဆီအုန်းလုပ်သားမဲဆန္ဒရှင်များအားသွား​ရောက်​ခေါ်​ဆောင့်တဲ့ ​မော်​တော်ယာဥ်(၄)စီး PDF ဖမ်းဆီး

(ပြည်တွင်း) ဒီဇင်ဘာ ၂၈

ယုဇနဆီအုန်းကုမ္ပဏီကနေ မာရမ်းပျိုးခင်းဇုန်မှာရှိတဲ့ ယုဇနဆီအုန်းလုပ်သားမဲဆန္ဒရှင်တွေကိုသွား​ရောက်​ခေါ်​ဆောင်တဲ့​မော်​တော်ယာဥ်(၄)စီးကို PDF ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ခ​မောက်ကြီးမြို့၊ ၃၈မိုင်က ယုဇနဆီအုန်းကုမ္ပဏီ​စျေးဝန်းအတွင်းဖွင့်လှစ်ထား​တဲ့မဲရုံအမှတ်(၅)မှာမဲ​ပေးနိုင်ဖို့အတွက် ခ​မောက်ကြီးမြို့​အောင်ချမ်းသာအုပ်စု၊ ခ​မောက်ငယ်ပျိုးဥယာဥ်ဇုန်၊ မာရမ်းပျိုးဥယျာဥ်ဇုန်တွေက ဆီအုန်းလုပ်သားမဲဆန္ဒရှင်(၁၇၀)ဦးခန့်ကို ​မာရမ်းပျိုးဥယျာဥ်​ဘောလုံးကွင်းစုရပ် မှာခေါ်​ဆောင်တဲ့ ခ​မောက်ကြီးမြို့၊ ၃၈မိုင်ယုဇနဆီအုန်းကုမ္ပဏီက ကုမ္ပဏီပိုင် မော်တော်ယာဉ် ၄ စင်း အဆက်အသွယ်ပြတ်တောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့ ဒီဇင်ဘာလ ၂၈ ရက် မနက် ၆ နာရီ ၁၅ချိန်ခန့်မှာ မဲဆန္ဒရှင်တွေကိုသွားရောက်ခေါ်ဆောင်တဲ့ ဒေါင်ဖန်း နဲ့​ဖော်လန်အမျိုးအစားမော်​တော်ယာဥ်(၄)စီးအဆက်အသွယ်ပြတ်တောက်နေတာလို့လည်း သိရပါတယ်။

​”မနက် ၆ နာရီကျော်လောင်ထဲကထွက်သွားတာ ၁၀၀၀ချိန်အထိစုရပ်ဖြစ်​တဲ့ မာရမ်းပျိုးဥယျဥ်​ဘောလုံးကွင်းကို ရောက်ရှိလာခြင်းမရှိဘဲလမ်းခရီးမှာ အဆက်အသွယ်ပြတ်​နေတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ မနက် ၉ နာရီ ၁၅ မိနစ်ခန့်မှာတော့ မာရမ်းပျိုးခြံက တာဝန်ခံ ကိုသူရ၊ ကိုအာကာဝင်း တို့နှစ်ဦးက ကား ၄စီး မရောက်လာတာကြောင့် မာရမ်းလမ်းကြောင်းတစ်လျောက်လိုက်လံကြည့်ရူရာမှာ PDF  အကြမ်းဖက်အဖွဲ့က ဖမ်းဆီးထားကြောင်း ပြန်လွှတ်လာတဲ့ ယာဉ်မောင်းတစ်ယောက်ရဲ့ အကြောင်းကြားချက်အရ သိရတယ်လို့ ဒေသခံကပြောပါတယ်။

#PAN