ပုလောမြို့နယ်က ကင်းစခန်းတစ်ချို့ကို အကြမ်းဖက်အဖွဲ့က လညရောက်ပစ်ခတ်

(ပြည်တွင်း) ဒီဇင်ဘာ ၂၈

တနင်္သာရီတိုင်းဒေသကြီး ၊ ပုလောမြို့နယ်က တပ်မတော်ကင်းစခန်းတွေဖြစ်တဲ့ နန်းတောင်၊ကျောက်စု၊သုခလမ်းဆုံတို့ကို ဒီနေ့မနက် ၆ နာရီခန့်မှာ အကြမ်းဖက်အဖွဲ့တွေကလာရောက်နှောင့်ယှက်ပစ်ခတ်တယ်လို့ သတင်းအရင်းအ​မြစ်ထံက သိရပါတယ်။

လာရောက်နှောင့်ယှက်ပစ်ခတ်တာကြောင့် နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အချိန် ၈ နာရီမှာ အပစ်ရပ်သွားလို့ သတင်းအရင်းအမြစ်ကပြောပါတယ်။

#PAN