ပြည်ပရောက် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေး

(ပြည်တွင်း) ဒီဇင်ဘာ ၉

ပြည်ပရောက် မြန်မာနိုင်ငံသားတွေဟာ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မြန်မာသံရုံး၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး စတဲ့ရုံးပေါင်း ၅ဝ မှာ ကြိုတင်မဲပေးနေကြပြီလို့ သိရပါတယ်။

ကြိုတင်မဲပေးနိုင်ဖို့အတွက် သတ်မှတ်ရက်တွေအလိုက် မဲရုံတွေ ဖွင့်လှစ်ပြီး ကြိုတင်ဆန္ဒမဲပေးခြင်း အစီအစဉ်တွေကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အခုလို မဲပေးမှုတွေဆောင်ရွက်နေရာမှာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၈ ရက်အထိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး စတဲ့ ရုံးပေါင်း (၄၁)ရုံးတို့မှာ ကြိုတင်မဲပေးတဲ့ လုပ်ငန်းစဉ်တွေ ဆောင်ရွက်ပြီးစီးခဲ့ပြီး့ဖစ်တယ်လို့ သိရပါတယ်။

ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲတွေ ဆက်လက်ပေးနိုင်ရေးအတွက် ကျန်ရှိသောရုံးတွေအနေနဲ့ အနေ သတ်မှတ်နေ့ရက်တွေအထိ မဲရုံတွေ ဖွင့်လှစ်သွားမျိာဖြစ်တယ်လို့ သိရပါတယ်။

PAN