တစ်လနီးပါး ကြာမည့် ပြင်ဦးလွင်ပန်းပွဲတော် ဖွင့်လှစ်

(ပြည်တွင်း) ဒီဇင်ဘာ ၇

ဒီဇင်ဘာ ၆ ရက်ကနေ ဇန်နဝါရီ ၄ ရက်နေ့အထိကျင်းပသွားမယ့် ပြင်ဦးလွင်ပန်းပွဲတော်ကို (၁၈)ကြိမ်မြောက် အဖြစ် ဖွင့်လှစ်လိုက်ပြီလို့သိရပါတယ်။

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဥ်(ပြင်ဦးလွင်)ရဲ့ (၁၈)ကြိမ်မြောက်ပန်းပွဲတော် “IMMERSIVE FLOWERS FESTIVAL” ကို ဒီဇင်ဘာ ၆ ရက်ကစတင်ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။ 

အခမ်းအနားကို  နိုင်ငံကျော်တေးသံရှင်များဖြစ်ကြတဲ့ ဖိုးသောကြာ၊ မေသက်ထားဆွေတို့အပါအဝင် တေးသံရှင်တွေက သီဆိုဖျော်ဖြေပေးခဲ့ကြသလို ညပိုင်းတမှာလည်း နိုင်ငံကျော်တေးသံရှင်တွေက သီဆိုဖျော်ဖြေမှုတွေပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဖွင့်ပွဲအခမ်းအနားကိုတော့ ပြည်ထောင်စုဝန်ကြီးတွေနဲ့ တပ်မတော်အရာရှိကြီးတွေ မန္တလေးတိုင်းဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူ​တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

#PAN