(ပြည်တွင်း) ဒီဇင်ဘာ ၃
ခေတ်အဆက်ဆက်က တိုင်းပြည်အတွက် အသက်စွန့်လှူသွားခဲ့ကြသည့် သူရဲကောင်းများဂုဏ်ပြုပွဲကို (၁၂) နှစ်မြောက်အဖြစ် ဒီဇင်ဘာလ ၇ ရက်နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သူရဲကောင်းဗိမာန်မှာ ကျင်းပသွား မည်ဖြစ်ကြောင်း ဂုဏ်ပြုပွဲကျင်းပရေးကော်မတီကနေ သိရပါတယ်။
(၁၂)နှစ်မြောက် သူရဲကောင်းများဂုဏ်ပြုပွဲကို တပ်မတော်ချစ်မြတ်နိုးတဲ့အဖွဲများစုပေါင်း၍ ခေတ်အဆက်ဆက် တိုင်းပြည်အတွက် အသက်ခန္ဓာစွန့်လွှတ်ခဲ့ရသူများ၊ လက်ရှိတာဝန်ထမ်းဆောင်နေကြသူများကို ၎င်းတိုနှင့်ထပ်တူ တပ်မတော်ကို ချစ်မြတ်နိုးသူများက အမြဲတမ်းရှိနေကာ ကျေးဇူးတင်ပြီး အစဉ်အမြဲလေးစားနေသည်ဆိုသော ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရပါတယ်။
ဂုဏ်ပြုပွဲတက်ရောက်မည့်သူများအနေနဲ့ အဖွဲအစည်းများအလိုက် သတ်မှတ်အဖွဲအစည်းဝတ်စုံများ၊ နိုင်ငံရေးပါတီများအနေနဲ့ သက်ဆိုင်ရာပါတီဝတ်စုံများ၊ မြန်မာအမျိုးသားဝတ်စုံ တိုက်ပုံအနက်၊ ပုဆိုးအနက် (သို) အနက်ရောင်ပါသည့်ပေါ့ပါးသော အနောက်တိုင်းဝတ်စုံများ၊ မြန်မာအမျိုးသမီးဝတ်စုံ အနက်ရောင်ဝတ်စုံများ ဝတ်ဆင်ပေးကြရန် ဂုဏ်ပြုပွဲကျင်းပရေးကော်မတီက အသိပေးနှိးဆော်ထားပါတယ်။ သူရဲကောင်းများဂုဏ်ပြုပွဲမှာ ပြည်ထောင်စုကြီးငြိမ်းချမ်းစေရန် ရည်သန်ဆုတောင်းမည့် အစီအစဉ်ကို ထည့်သွင်းထားကြောင်း သိရပါတယ်။

Telegram»
https://t.me/positiveanglenews