
(မှုခင်း)နိုဝင်ဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ တညက်(ကုလား) ကျေးရွာအုပ်စု၊ ပလုံးကျေးရွာတွင် အမျိုးသမီးတစ်ဦးအား အကြမ်းဖက်PDFအဖွဲ့က သတ်ဖြတ်သွားကြောင်း သိရသည်။
ယနေ့နံနက် ၈နာရီအချိန်က ဒေါ်မူဝင်း ၊( ၄၀) နှစ်၊(ဘ)ဦးအောင်ကြီး ၊ ပလုံးကျေးရွာ၊ တညက်(ကုလား) ကျေးရွာအုပ်စု၊ နေထိုင်သူသည် နေအိမ်၌ အိပ်နေစဥ် အကြမ်းဖက်(PDF) အင်အား (၂၀)ဦးခန့် အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဦးဒူမုန့် အောက်ရော်ဘာခြံသို့အဝင် ပေါင်းကူးတံတားထိပ်တွင် သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက်PDFအဖွဲ့၏ ပစ်သတ်မှုကြောင့် ဒေါ်မူဝင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ပြီး မည်သည့်အတွက်ကြောင့် သတ်ဖြတ်သွားသည်ကို သိရှိရခြင်းမရှိသေးကြောင်း၊ ဒေါ်မူဝင်းသည် လယ်ယာအလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။