ဝိုင်းမော်မှာ ငွေကျပ် ဘိန်းဖြူ ၄၇ ကီလိုကျော်နဲ့ စိတ်ကြွဆေးပြား ၇ သိန်းကျော်ဖမ်းမိ

(မှုခင်း) နိုဝင်ဘာ ၁၃

ဝိုင်းမော်မြို့နယ်မှာ ငွေကျပ် ၂ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိတဲ့ ဘိန်းဖြူ ၄၇ ကီလိုကျော်နဲ့ စိတ်ကြွဆေးပြား ၇ သိန်းကျော်ဖမ်းဆီးရမိတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သိရပါတယ်။

ဝိုင်းမော်မြို့နယ်၊ နတ်မြစ်ခတံတားအနီးတွင်မှာ အောက်တိုဘာ ၃၀ ရက် မွန်းလွဲ ၂ နာရီခွဲက လုံခြုံရေး ပူးပေါင်းအဖွဲ့ဟာ သတင်းအရ လထော်နန်အောင် မောင်းနှင်ပြီး ဇခုန်ဒန်ရိန် လိုက်ပါလာတဲ့ TOYOTA HILUX REVO မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်က ဘိန်းဖြူ ၄၇ ဒသမ ၅၂ ကီလို (၎င်းဒေသတန်ဖိုး ငွေကျပ် ၁ ဒသမ ၁၈၈ ဘီလီယံ)နဲ့ စိတ်ကြွဆေးပြား ၇ ဒသမ ၈ သိန်း (၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၁၇ ဘီလီယံ) စုစုပေါင်းဒေသတန်ဖိုးငွေကျပ် ၂ ဒသမ ၃၅၈ ဘီလီယံတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

စစ်ဆေးပေါ်ပေါက်ချက်အရ ဖမ်းဆီးရမိတဲ့မူးယစ်ဆေးဝါးတွေ သယ်ဆောင်ခိုင်းသူဟာ နမ့်ခမ်းမြို့နယ်မှာနေထိုင်တဲ့ ခေါင်ဒေါင်(ဖမ်းဆီးရန်ကျန်)ဖြစ်ပြီး ဖမ်းဆီးရမိ မူးယစ်ဆေးဝါးတွေကို နမ့်ခမ်းကနေ ဝိုင်းမော်ကို သယ်ဆောင်ရောင်းဝယ်တာဖြစ်တယ်လို့ သိရတာကြောင့် မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိကာ ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်ဖော်ထုတ်နေတယ်လို့ သိရပါတယ်။

#PAN