(ပြည်တွင်း) နိုဝင်ဘာ ၇
ပြည်သူ့ရှေ့ဆောင်ပါတီအနေနဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးကိုဆောင်ရွက်ချင်တယ်လို့ ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ပြောဆိုလိုက်ပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီမှာ လုပ်ငန်းရှင်တွေ စီးပွားရေးနဲ့ပတ်သက်သူတွေ ပညာရှင်တွေ အတွေ့အကြုံရင့်ကျက်သူတွေ နယ်ပယ်အသီးသီးကအတွေ့အကြုံရှိတဲ့သူတွေပါဝင်တယ်လို့ အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲတစ်ခုမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

လူထုဘဝ အဓိကဆိုတဲ့ခေါင်းစဥ်နဲ့ ၁ နှစ်တာ ၅ နှစ်တာကာလတွေမှာ ဘာတွေဆောင်ရွက်မလဲဆိုတာ ရွေးကောက်ပွဲကြေညာစာတမ်းမှာထည့်သွင်းရေးသားထားတယ်လို့ သူက ဆိုပါတယ်။
လူငယ်တွေအလုပ်အကိုင်ရရှိအောင် အလုပ်အကိုင်ရှာဖွေတဲ့သူတွေနဲ့အလုပ်ရှင်တွေပေါင်းစပ်ညှိနှိုင်းပေးတဲ့ကိစ္စတွေကိုလည်းဆောင်ရွက်မယ်လို့လည်း သူကပြောပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီဟာ ရန်ကုန်တိုင်းက မြို့ပေါ်တွေမှာအဓိကထားစည်းရုံးနေတာတွေ့ရပြီး ဧရာဝတီတိုင်းဒေသကြီးက နေရာတချို့မှာလည်း စည်းရုံးမှာတွေရှိနေတာကို PPP ရဲ့ ဖေစ့်ဘွတ်စာမျက်နှာရဲ့ဖော်ပြချက်အရ သိရပါတယ်။

ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၆၀၀ ကျော်ဝင်ရောက်ယှဥ်ပြိုင်ကြမယ့် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဖြစ်သူ ဒေါက်တာသက်သက်ခိုင်ကတော့ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေပါ ပုဒ်မတစ်ခုနဲ့ညိစွန်းနေတ.ကြောင့် ဝင်ရောင်ယှဥ်ပြိုင်ခွင့်ငြင်းပယ်ခံထားရတာဖြစ်ပါတယ်။