(ပြည်တွင်း) နိုဝင်ဘာ ၈
တအောင်းလက်နက်ကိုင် TNLA ထိန်းချုပ်လိိုက်တဲ့ဒေသက လယ်ယာမြေအများအပြား ပျက်စီးဆုံးရှုံးတယ်လို့ ဝမ်းစာအတွက်ပါ အခက်အခဲရှိလာတယ်လို့ ဒေသခံတောင်သူတွေရဲ့ပြောဆိုချက်ကိုကိုးကားပြီး သတင်းအရင်းအမြစ်ကပြောပါတယ်။

ဒေသတွင်းမှာမိုးရွာသွန်းမှုများပြားခဲ့တဲ့အပြင် အစိုးရထိန်းချုပ်စဥ်ကလို နည်းပညာနဲ့သွင်းအားစုတွေမရရှိတာကြောင့် ဆုံးရှုံးမှုများပြားနေတာလို့ ဒေသခံတောင်သူတွေကပြောပါတယ်။

စိုက်ဧက ၄၀၀၀ ကျော်ရှိတဲ့ နမ္မတူမြို့နယ်က လယ်ယာမြေဧက စုစုပေါင်း (၂၁) ဧကကျော်ဟာ မိုးရွာသွန်းမှုကြောင့် နမ္မတူချောင်းရေမြင့်တက်ကာ ရိတ်သိမ်းဆဲစပါးခင်းတွေအတွင်းရေဝင်နစ်မြုပ်မှုတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
TNLA မထိန်းချုပ်မီကာလဖြစ်တဲ့ ၂၀၂၃ ခုနှစ်က နမ္မတူမြို့နယ်ကတောင်သူတွေကို စိုက်ပျိုးရေး ဦးစီးဌာနက သီးနှံတစ်ဧကအထွက်နှုန်း တိုးတက်ကောင်းမွန်ရေး၊ တောင်သူတွေ ဝင်ငွေတိုးတက်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံတော်ရဲ့ လယ်ယာကဏ္ဍ တိုးတက်လာစေရေး၊ မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိစေရေးအတွက် ပံ့ပိုးမှုတွေဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။
နမ္မတူအပြင် TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်ခရိုင်၊ နမ့်ဖတ်ကာမြို့နယ်က လယ်ယာစပါးဧကစုစုပေါင်း (၂၄)ထက်မနည်း ပျက်စီးဆုံးရှုံးနေတယ်လို့ သိရပါတယ်။
#PAN