(ပြည်တွင်း) နိုဝင်ဘာ ၃
နှစ်စဥ် တန်ဆောင်မုန်းလ အဖိတ်နေ့ရောက်တိုင်း တောင်ကြီးမြို့ရဲ့ မြို့လုံးကျွတ် မဟာဘုံကထိန်ပွဲတော်ကို ကျင်းပလာခဲ့တာဟာ ၇၅ ကြိမ်မြောက်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

(၇၅)ကြိမ်မြောက် “စိန်ရတု” မြို့လုံးကျွတ်မဟာဘုံကထိန်၊ ပဒေသာပင်လှည့်လည်ပွဲတော်ကြီးကို ဒီနေ့ နိုဝင်ဘာ ၃ ရက်နေ့ မနက် ၈ နာရီက စတင်ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အတုလမာရဇိန် ဆုတောင်းပြည့် မြတ်စွာဘုရားတည်ရှိရာ မြို့လယ်ဓမ္မာရုံ ရှေ့ကနေစတင်ကာ ပန်းခြံမီးပွိုင့်မှတစ်ဆင့် အရှေ့မြို့ပတ်လမ်းအတိုင်း မြကန်သာပန်းခြံအတိုင်း ပြန်ကွေ့တက်၍ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးအတိုင်း မြို့လယ်ဓမ္မာရုံရှိရာကို စီတန်းလှည့်လည်ခဲ့ကြတာဖြစ်ပါတယ်။

(၇၅)ကြိမ်မြောက် “စိန်ရတု” မြို့လုံးကျွတ်မဟာဘုံကထိန်၊ ပဒေသာပင်လှည့်လည်ပွဲတော်ကြီးကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ပြုလုပ်တာဖြစ်ပြီး ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေက ရှေ့ဆုံးကနေ ပါဝင်လှည့်လည်တယ်လို့လည်း သိရပါတယ်။

ဒီနှစ်မှာတော့ ပဒေသာပင်ပိုမိုများလားတာလို့ မနှစ်ကထက်ပိုပြီးစည်ကားတယ်လို့ ဒေသခံတွေကပြောပါတယ်။

မြို့လုံးကျွတ် မဟာဘုံကထိန်ကို နိုဝင်ဘာ ၄ ရက်မှာ ရေစက်ချ တရားနာပြီး ၅ ရက်နေ့မှာတော့ ကျောင်းတိုက်တွေအလိုက် မဲနှိုက်ကာ သွားရောက်လှူဒါန်းသွားမှာဖြစ်တယ်လို့ ဂေါပကတွေဆီကသိရပါတယ်။

နာမည်ကျော် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကလည်း.ဆိုးဝါးတဲ့ရာသီဥတုနဲ့အတူကျင်းပနေရပြီး ရာသီဥတုကြောင့် မလွှတ်နိုင်ခဲ့တဲ့ မီးပုံးတွေကို ဒီနေ့ ညမှာ ထည့်သွင်း လွှတ်တင်သွားမယ်လို့ ကျင်းပရေးကော်မတီက ပြောဆိုထားပါတယ်။

ဓာတ်ပုံ – CJ
#PAN