ငွေဖလားကျေးရွာ အုပ်ချုပ်ရေးမှူးအား အကြမ်းဖက်အဖွဲ့ PDF အဖွဲ့က သတ်ဖြတ်

(မှုခင်း) အောက်တိုဘာ ၂၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ ဘလားအုပ်စု၊ ငွေဖလားကျေးရွာနေ အုပ်ချုပ်ရေးမှူး တစ်ဦးအား အောက်တိုဘာ ၂၅ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်က အကြမ်းဖက် PDF အဖွဲ့ဝင် ၂ ဦးမှ သတ်ဖြတ်သွာကြောင်း သိရသည်။

ဖြစ်စဉ်တွင် ဘလားအုပ်စု၊ ငွေဖလားကျေးရွာနေ ဦးအေးသောင်၊ ၅၄ နှစ်၊ (ဘ)ဦးထွန်းစ၊ အုပ်ချုပ်ရေးမှူးသည် နေအိမ် ရှေ့တွင်ရှိနေစဉ် အကြမ်းဖက် PDF(ခေါင်းဆောင် စိစစ်ဆဲ)အင်အား ၂ ဦးမှ ဆိုင်ကယ်(စိစစ်ဆဲ) ၁ စီးဖြင့် ရောက်ရှိလာပြီး သေနတ်(စိစစ်ဆဲ)ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့၍ သေဆုံး သွားခဲ့ပြီး အကြမ်းဖက်သမားများမှာ လာရာလမ်းအတိုင်း ဘလားကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

အကြမ်းဖက် PDF အဖွဲ့၏ ဦးအေးသောင်သည် နေအိမ်အပေါက်ဝတွင် ယာဘက်နှာခေါင်းဘေးဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ပါး ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲရင်ဘတ်ဖောက်ဝင် ဒဏ်ရာ ၂ ချက်တို့ဖြင့် သေဆုံးခဲ့ရပြီး သေဆုံးသူအနီး ပတ်ဝန်းကျင်မှ 9 MM LUGER ကျည်ခွံ(၄)ခုအား တွေ့ရှိရကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ တစ်ဦးအား လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူ နိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများအား ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းနှင့် အုပ်ချုပ်ရေးယန္တရားများ ပျက်ပြားစေရန် နည်းလမ်းမျိုးစုံဖြင့် အကြမ်းဖက်မှုလုပ်ရပ်များကို လုပ်ဆောင်လျက် ရှိပြီး နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ အပြစ်မဲ့ အရပ်သားပြည်သူများအား ဖမ်းဆီးခေါ်ဆောင်၍ သတ်ဖြတ်ခြင်း၊ ဌာနဆိုင်ရာ အဆောက်အအုံ၊ စာသင်ကျောင်းများနှင့် ပြည်သူများ၏နေအိမ်များကိုပါ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများအား လုပ်ဆောင်လျက်ရှိသည်။

PAN