အာဆီယံထိပ်သီးအစည်းအဝေးယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်မယ်လို့ သတင်းထွက်ပေါ်

(ပြည်တွင်း) အောက်တိုဘာ ၂၀

နိုင်ငံတော်ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မလေးရှားနိုင်ငံမှာကျင်းပမယ့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်မယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။

အာဆီယံဘုံသဘောတူညီချက်အကောင်အထည်ဖော်မှုအားနည်းတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ မြန်မာခေါင်းဆောင်တွေကို အာဆီယံအစည်းအဝေးတွေတက်ရောက်ခွင့်ပိတ်ပင်ထားရာကနေ ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်ခွင့်ပြုလာတာဟာ အသွင်ကူးပြောင်းရေးကြိုးပမ်းမှုကြောင့်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကပြောပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးကို အ​​မေရိကန်သမ္မတ ​ဒေါ်နယ်ထရန့်လည်းတက်ရောက်ဖို့ရှိနေပြီး နိုင်ငံတော်ယာယီသမ္မတနဲ့တွေ့ဆုံဆွေးနွေးဖို့ရှိမရှိကိုတော့ မသိရသေးပါဘူး။

​မြန်မာခေါင်းဆောင် အာဆီယံထိပ်သီးအစည်းအ​ဝေးတက်ရောက်မယ့်အကြောင်းကို မ​လေးရှားသတင်းဌာန News  Straits Times ဖော်ပြထားပေမယ့် နိုင်ငံပိုင်မီဒီယာတွေက မထုတ်ပြန်ထားသေးပါ။ 

အဆိုပါအစည်းအဝေးကို ပူးပေါင်းပါဝင်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး” ခေါင်းစဉ်နဲ့ အောက်တိုဘာ ၂၆ ရက်ကနေ ၂၇ ရက်ထိ ကျင်းပမယ်လို့ သိရပါတယ်။

ကနေဒါ၊ အိန္ဒိယ၊ ဖင်လန် ဝန်ကြီးချုပ်တွေ ဆိုက်ပရပ်စ် ဘရာဇီး၊ တောင်အာဖရိကသမ္မတတွေလည်းတက်ရောက်ဖို့ရှိနေတယ်လို့လည်း သိရပါတယ်။

#PAN