
(ပြည်တွင်း) အောက်တိုဘာ ၁၅
မြန်မာ-ရုရှားနှစ်နိုင်ငံ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရန် မြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားနိုင်ငံ၊ စိန့်ပီတာ စဘတ်မြို့အစိုးရအဖွဲ့ဝင်၊ ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Mr. Evgeny Grigoryev ကို အောက်တိုဘာလ ၁၄ ရက် က လက်ခံတွေ့ဆုံစဥ် ဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံစဥ် မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက် ကောင်းမွန်လျက်ရှိမှု၊ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေ၊ စီးပွားရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ နည်းပညာကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ လူငယ်ကဏ္ဍ၊ ဆောက်လုပ်ရေးနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံပွဲသို့ ယာယီသမ္မတနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော် နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်။ ဒါ့အပြင် စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့ဝင်၊ ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander AZIZOV နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
#PAN