ဂျပန်အသင်းကို အရေးနိမ့်ခဲ့တာဟာ သင်ခန်းစာကောင်းတစ်ခုလို့ ပြောကြားခဲ့တဲ့ အန်ဆယ်လော့တီ

(အားကစား) အောက်တိုဘာ ၁၅

ဘရာဇီးလ်လက်ရွေးစင်အသင်းနည်းပြ အန်ဆယ်လော့တီ က ဂျပန်အသင်းကို ခြေစမ်းပွဲမှာ ၂ ဂိုး ၃ ဂိုးနဲ့ အရေးနိမ့်ခဲ့တာဟာ အနာဂတ်အတွက် သင်ခန်းစာကောင်းတစ်ခု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အခုခြေစမ်းပွဲမှာ အန်ဆယ်လော့တီ ရဲ့အသင်းက ပထမပိုင်းမှာ ဟင်းနရစ်၊ မာတင်နယ်လီတို့ရဲ့ဂိုးတွေနဲ့ နှစ်ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပေမယ့် ဂျပန်အသင်းအတွက် ဒုတိယပိုင်းမှာ မီနာမီနို၊ နာကာမူရာနဲ့ အွယ်ဒါတို့က သုံးဂိုးဆက်သွင်းပြီး အနိုင်ယူခဲ့ပါတယ်။

ဂျပန်အသင်းဟာ ဘရာဇီးလ်အသင်းကို သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် အနိုင်ရရှိခဲ့တာဖြစ်တယ်။

#PAN