(ပြည်တွင်း) အောက်တိုဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ လက်ပံတဲကျေးရွာ၌ အပစ်မဲ့အရပ်သား ၂ ဦးအား အောက်တိုဘာ ၈ နေ့က အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။
ဖြစ်စဉ်တွင် ဟိန်းကိုကိုဦး၊ ၃၃ နှစ်၊ (ဘ)ဦးသက်နိုင်ဦးနှင့် မသိန်းဆွေ၊ ၂၉ နှစ်၊ (ဘ)ဦးငွေဘော် လက်ပံတဲကျေးရွာနေသူတို့ ၂ ဦးသည် နေအိမ်၌ရှိနေစဉ် နေအိမ်၏အရှေ့တောင်ဘက် ဝက်လူးကျေးရွာဘက်မှ အကြမ်းဖက် PDF ၅ ဦးခန့်သည် သေနတ်များ ကိုင်ဆောင်ကာ ရောက်ရှိလာပြီး မသိန်းဆွေ၏ အမည်အား မေးမြန်း၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် PDF အဖွဲ့၏ ပစ်ခတ်မှုကြောင့် ဟိန်းကိုကိုဦး တွင် ယာ-လည်ပင်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲ-နံဘေး ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ မသိန်းဆွေတွင် ဝဲ-နားအောက် ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ ရရှိသေဆုံးသွားခဲ့ရပြီး၊ အကြမ်းဖက် PDF များမှာ လာရာလမ်းအတိုင်း ပြန်လည်ထွက်ပြေးသွားကြောင်း သိရသည်။