(မှု့ခင်း)စက်တင်ဘာ ၁၃
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊မအူလေးပင်ကျေးရွာ တောင်ဘက်ခြမ်း တောင်ညိုချောင်းထဲတွင် ယနေ့မွန်းလွဲ ၁နာရီအချိန်က ကလေးတစ်ဦးရေနစ်သေဆုံး ခဲ့ကြောင်း သိရသည်။

ရေနစ်သေဆုံးသူမှာ မောင်ရှိုင်းသူရအောင်(ဘ)ဦးထက်ထက်အောင်၊ (၆) နှစ်၊ ကျောင်းသား(KG)၊ မအူလေးပင်ကျေးရွာ မင်းကုန်းကျေးရွာ အုပ်စု၊ဥတ္တရသီရိမြို့နယ်နေသူဖြစ်ကြောင်း သိရှိခဲ့ရပြီး အဖွားဖြစ်သူ ဒေါ်ခင်ငြိမ်းမှ မောင်ရှိုင်းသူရအောင်မှာ ၎င်း၏နေအိမ်တွင်မတွေ့ရှိသဖြင့် လိုက်လံရှာဖွေရာ နေအိမ်တောင်ဘက် တောင်ညိုချောင်းထဲရှိ ရေအိုင်အနီးတွင် ၎င်း၏ဖိနပ်တွေ့ရှိသဖြင့် ပတ်၀န်းကျင်မှအကူညီတောင်း၍ ရေအိုင်အတွင်းလိုက်လံရှာဖွေရာ ၊ ရေနစ်သေဆုံးနေကြောင်း တွေ့ရှိရသည်။

အဆိုပါ ရေနစ်သေဆုံးသူ မောင်ရှိုင်းသူရအောင်၏ ရုပ်အလောင်းအား နေပြည်တော်ကုတင်(၁၀၀၀) ဆေးရုံသို့ သုခဒါနလူမှုကူညီရေးယာဥ်ဖြင့် ပို့ဆောင်ထားရှိကြောင်းသိရှိရသည်။
#PAN