စိတ်ဝေဒနာရှင်တစ်ဦးကို PDF ပစ်ခတ်

(မှုခင်း) စက်တင်ဘာ ၁၀

သရက်ချောင်းမြို့နယ်ထဲ ကျေးရွာတွေအတွင်းကို လှည့်လည်သွားလာနေတဲ့ စိတ်ဝေဒနာရှင်တစ်ဦးကို PDF အကြမ်းဖက်တွေက ပစ်ခတ်ခဲ့တာကြောင့် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်အတွင်းမှာရှိတဲ့ သရက်နှစ်ခွကျေးရွာ၊ ညောင်ဇင်ကျေးရွာ၊ ရန်တောင် ကျေးရွာနဲ့ သင်းကျွန်းကျေးရွာတွေသို့ လှည့်လည်သွားလာနေထိုင်တဲ့ စိတ်ဝေဒနာရှင်တစ်ဦးကို PDF က ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

စက်တင်ဘာ ၇ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က သင်းကျွန်းကျေးရွာအနီးကိုရောက်ရှိနေသူ စိတ်ဝေဒနာရှင်တစ်ဦးဖြစ်တဲ့ ဦးဆံရှည်(၅၅)နှစ်ကို PDF အကြမ်းဖက်အဖွဲ့တွေက သေနတ်နဲ့ပစ်ခတ်သွားခဲ့ကြတာဖြစ်တာကြောင့် ကျည်ထိမှန် ဒဏ်ရာတွေရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ စိတ်ဝေဒနာရှင်တစ်ဦးဖြစ်တဲ့ ဦးဆံရှည်(၅၅)နှစ်ကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ပြည်သူ့ဆေးရုံကို လူမှုကူညီရေးအသင်းတွေတွေရဲ့မော်တော်ယာဉ်နဲ့ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။