လှိုင်းဘွဲ့က ကော်သူလေး စာသင်ကျောင်းကို ဒရောဗုံးကျလို့ ထိခိုက်ဒဏ်ရာ ရရှိမှုတွေရှိ

(ပြည်တွင်း) စက်တင်ဘာ ၁၀

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ နောင်ကိုင်းကျေးရွာမှာ ဖွင့်လှစ်ထားတဲ့ ဒေသအခေါ် “ကော်သူလေး” အလယ်တန်းအဆင့်စာသင်ကျောင်းဝင်းအတွင်းကို စိစစ်ဆဲအကြမ်းဖက်အဖွဲ့ရဲ့ ဒရောဗုံးကျရောကေ်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုတွေရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနထံက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက် မနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က နောင်ကိုင်းကျေးရွာက “ကော်သူလေး” အလယ်တန်းအဆင့်စာသင်ကျောင်းဝင်းအတွင်းကို ဒရော့ဗုံး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့လို့ ကျောင်းဝင်းအတွင်းက ကျောင်းဆရာ ဦးစောကလယ်ထူး(၃၁)နှစ်၊ ကျောင်းဆရာမ ဒေါ်နော်ခူဟဲ(၂၆)နှစ်နဲ့ ကျောင်းသား မောင်စောဆန်းမြင့်လွင်(၁၃)နှစ် မှာ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတစ်ဝှမ်းမှာ ၉ ရက်အတွင်း PDF က လူပေါင်း ၃၀ ကျော်သတ်ဖြတ်နေပေမယ့် ပြည်ထောင်စုအကျိုးအတွက် နိုင်ငံတော်အကျိုး၊ ဒေသအကျိုးကို ဖော်ဆောင်ရန်ဆန္ဒရှိပါက နိုင်ငံတော်အစိုးရနဲ့ တပ်မတော်က ကြိုဆိုလက်ခံတယ်လို့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီက ဖိတ်ခေါ်ထားပါတယ်။