မင်းလှမြို့နယ်က ဒေသခံတစ်ဦးကို PDF ပစ်ခတ်သတ်ဖြတ်

(မှုခင်း) စက်တင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ခွက်မကျေးရွာက ဒေသခံတစ်ဦးကို PDF အကမြမ်းဖက်တွေက ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။

မင်းလှမြို့နယ်၊ ခွက်မကျေးရွာက ဒေသခံပြည်သူ ဦးပြည့်ဖြိုးအောင်ဟာနဲ့ PDF အကြမ်းဖက်တစ်ချို့ဟာ စက်တင်ဘာ ၇ ရက်နေ့ မနက် ၁၁ နာရီခန့်က အဝင်လမ်းမှာ စကားများရန်ဖြစ်ကြရာကနေ PDF တွေက သေနတ်နဲ့ ပစ်ခတ်သွားခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

PDF တွေရဲ့ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဦးပြည့်ဖြိုးအောင်(၄၃)နှစ် ကျည်ထိမှန်ဒဏ်ရာတွေရရှိကာ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#PAN