အုတ်ဖိုနဲ့ ကြို့ပင်ကောက်က ဒေသခံတွေကို PDF က ဒလန်ခေါင်းစဉ်တပ် သတ်ဖြတ်

(မှုခင်း) စက်တင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ကန်သာယာကျေးရွာမှာနေထိုင်တဲ့ ရာအိမ်မှူးဖြစ်သူ ဦးထွန်းသိန်း(၇၁)နှစ်ဟာ စက်တင်ဘာ ၇ ရက် နံနက် ၅ နာရီ ၃၀ မိနစ်အချိန်ခန့်က သူ့ရဲ့နေအိမ်မှာ ရှိနေစဉ် PDF အကြမ်းဖက်သမား လေးဦးက ဆိုင်ကယ် နှစ်စီးနဲ့ ရောက်ရှိလာပြီး “ဒလန်” လို့ပြောဆိုကာ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် PDF အကြမ်းဖက်သမားတွေဟာ နေအိမ်မှာရှိတဲ့ ငွေကျပ် ငါးသိန်းခန့်နဲ့ HONDA WAVE 100 ဆိုင်ကယ် တစ်စီးကိုလည်း လုယက်ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

အလားတူ စက်တင်ဘာ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်ကလည်း ကြို့ပင်ကောက်မြို့နယ်၊ စစ်တောကျေးရွာမှာနေထိုင်တဲ့ ရာအိမ်မှူးဖြစ်သူ ဦးစောသန်းစိုး(၅၁)နှစ်ဟာ
နေအိမ်အနောက်ဘက် လေးဖာလုံခန့်အကွာမှာရှိတဲ့ လယ်ကွင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အကြမ်းဖက်သမား နှစ်ဦးက ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး “ဒလန်” လို့ပြောဆိုကာ ပစ်ခတ်သတ်ဖြတ်သွားခဲ့တယ်လို့ သိရပါတယ်။

PDF အကြမ်းဖက်သမားတွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အုတ်ဖိုမြို့နယ်၊ ကန်သာယာကျေးရွာမှာနေထိုင်တဲ့ ရာအိမ်မှူးဖြစ်သူ ဦးထွန်းသိန်းနဲ့ ကြို့ပင်ကောက်မြို့နယ်၊ စစ်တောကျေးရွာမှာနေထိုင်တဲ့ ရာအိမ်မှူးဖြစ်သူ ဦးစောသန်းစိုးတို့ဟာ
ကျည်ထိမှန်ဒဏ်ရာတွေရရှိကာ သေဆုံးသွားခဲ့ကြတယ်လို့ သိရပါတယ်။