“ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ကို တရားရေးရာကျွမ်းကျင်သူ/ အတွေ့အကြုံရှိသူများဖြင့် အင်အားဖြည့်”

(ပြည်တွင်း) စက်တင်ဘာ ၉

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) အဖွဲ့ဝင်များအဖြစ် တရားလွှတ်တော်ချုပ်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်များ​​အား ထပ်မံဖြည့်သွင်း ခန့်အပ်လိုက်ကြောင်း သိရသည်။

​ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီးချုပ်နှင့် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်တို့ဖြစ်သည့် ဦးခင်မောင်ကြီး၊ ဦးမျိုးမောင်၊ ဦးကြည်သိန်း နှင့် ဒေါ်ခင်သင်းဝေ တို့အား ပြောင်းရွှေ့ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။‎

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ကို တရားရေးရာကျွမ်းကျင်သူ/ အတွေ့အကြုံရှိသူများဖြင့် အင်အားဖြည့်ခြင်းဟာ လာမည့်အထွေထွေရွေးကောက်ပွဲကို တရားဥပဒေရေးရာကဏ္ဍတွင် ပိုမိုအလေးထားသည့် တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေးအတွက် အလေးထားမှုကို ထင်ဟပ်ပေါ်လွင်စေကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက ဆိုသည်။

#PAN