
(အားကစား) စက်တင်ဘာ ၃
မန်စီးတီးအသင်းဟာ PSG အသင်းက အီတလီလက်ရွေးစင်ဂိုးသမား ဒွန်နာရမ်မာ ကို ခေါ်ယူနိုင်ခဲ့ပြီလို့ အတည်ပြုကြေညာခဲ့ပါတယ်။
ဒွန်နာရမ်မာ ရဲ့ပြောင်းရွှေ့ကြေးက ပေါင် ၂၆ သန်းရှိမယ်လို့ သိရပါတယ်။ မန်စီးတီးအသင်း ဟာ ဒွန်နာရမ်မာနဲ့ ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး တစ်နှစ် သက်တမ်းတိုးခွင့်အချက်လည်း ပါဝင်ပါတယ်။
ဒွန်နာရမ်မာ ဟာ PSG နဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကို ရောက်လာခဲ့ပြီး လိုင်လီဂိုးသမား ချယ်ဗာလီယာ ရောက်လာပြီးနောက် အသင်း ကနေ ထွက်ခွာဖို့ ပြင်ဆင်ခဲ့သူ ဖြစ်ပါတယ်။
ဒွန်နာရမ်မာ ဟာ ကလပ်ပွဲ ၄၁၂ ပွဲ ကစားခဲ့ပြီး အီတလီအသင်းကို ၇၄ ပွဲ ကိုယ်စားပြုကစားပေးခဲ့ပါတယ်။
ဒွန်နာရမ်မာ က မန်စီးတီးအသင်းရဲ့ အခုရာသီ ခုနစ်ဦးမြောက် ခေါ်ယူမှုဖြစ်ပြီး ထရက်ဖို့ဒ်၊ ဘတ်တင်နယ်လီ တို့ပြီးနောက် တတိယမြောက် ဂိုးသမားခေါ်ယူမှု ဖြစ်လာခဲ့ပါတယ်။