(ပြည်တွင်း) ဩဂုတ် ၂၅

တရုတ် – အာဆီယံစင်တာ အတွင်းရေးမှူးချုပ် Mr. Shi Zhongjun နှင့်အဖွဲသည် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို)ရုံး၌ ယမန်နေ့နံနက်ပိုင်းက လာရောက်ကာ ဥက္ကဋ္ဌဦးတင်ဦး နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အားတွေ့ဆုံ၍ ချစ်ကြည်ရေး၊ ပညာရေး၊ လူမှုရေး၊ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ညှိနှိင်း ဆွေးနွေးကြရာတွင် တရုတ်နှင့် အာဆီယံနိုင်ငံများအကြား ညှိနှိင်းဆောင်ရွက်မှုများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အာရှဒေသအတွင်း ဖွံဖြိုးတိုးတက်ရေး မူဝါဒနှင့်ရှေ့လုပ်ငန်းစဉ်များ၊ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ချစ်ကြည်ရေးအသင်းမှ တစ်ဆင့်လည်း ခရီးသွားလာမှု ဖွံဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေးနည်းပညာများ ပူးပေါင်းဖလှယ်ဆောင်ရွက်ရေး၊ သဘာဝဘေးဒဏ်သင့် ကယ်ဆယ်ရေးလိုအပ်သော နေရာဒေသများ ရေရှည်ထူထောင် ကူညီဆောင်ရွက်ပံ့ပိုးရေးအတွက် သတင်းအချက်အလက်များ ရရှိရေး၊ ဆက်လက်ကူညီဖြည့်ဆည်းရေး ကိစ္စရပ်များ ညှိနှိင်းဆွေးနွေး ဖလှယ်ခဲ့ကြကြောင်း သိရသည်။