နားကိုကွဲစေနိုင်လောင်အောင်ကျယ်လောင်တဲ့ ဆောင်းဘောက်ဖွင့်မှုတွေကို အင်ဒိုနီးရှား ပိတ်သိမ်း


(နိုင်ငံတကာ) ဩဂုတ် ၂၅

အင်ဒိုနီးရှားအစိုးရဟာ အရှေ့ဂျာဗားမှာရှိတဲ့ အာဏာပိုင်တွေကတဆင့် ဆူညံသံအဆင့်ကန့်သတ်ဖို့ ဆောင်းဘောက်တွေကို အသုံးပြုနိုင်တဲ့ အချိန်နဲ့တည်နေရာတွေကိုသတ်မှတ်ဖို့ အမိန့်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

အခုလိုအမိန့်ထုတ်ပြန်တာဟာ အများပြည်သူရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးကြောင့် ပြုလုပ်ရတာဖြစ်ပြီး ဆူညံသံအဆင့်ကို ထိန်းညှိရတာဟာလည်း အများပြည်သူရဲ့တည်ငြိမ်အေးချမ်းမှုကို မထိခိုက်စေဘူး”လို့ အရှေ့ဂျာဗားအုပ်ချုပ်ရေးမှူး Indar Parawansa ကပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံက ကျေးရွာတစ်ရွာမှာပြုလုပ်တဲ့ ပွဲလမ်းသဘင်တစ်ခုမှာ ထရပ်ကားတစ်စီးပေါ်က ဆောင်းဘောက်တစ်ခုရဲ့ပြင်းထန်တဲ့အသံကြောင့် နေအိမ်တစ်ချို့ရဲ့ပြတင်းပေါက်တွေကွဲထွက်ခဲ့ရတဲ့ဖြစ်စဉ်တစ်ခုအပြီးမှာ အခုလိုအမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဂျာဗားကျွန်းမှာပြန့်နှံ့နေတဲ့ အီလက်ထရွန်းနစ်တီးလုံးတွေနဲ့ ရိုးရာရိုးရာတေးဂီတတွေရောနှောထားတဲ့ ဆောင်းဘောက်သံတွေကြောင့် အေးချမ်းစွာနေလိုသူတွေနဲ့ အာဏာပိုင်တွေကို စိတ်သောကရောက်စေတယ်လို့မြို့ခံတစ်ချို့က ပြောပါတယ်။

ဒေသန္တရဘာသာရေးကောင်စီက ဘာသာရေးအရ ထိခိုက်စေနိုင်သော ပွဲတွေမှာ အလွန်အကျွံ ဆောင်းဘောက်ဖွင့်မှုတွေကို တားမြစ်ထားသလို စာသင်ကျောင်း ဆေးရုံ၊ လူနာတင်ယာဉ်တွေနဲ့ အများစုဝေးရာနေရာတွေမှာဖွင့်လှစ်မှုကိုလည်း တားမြစ်ထားတယ်လို့ သိရပါတယ်။

အရှေ့ဂျာဗားကလမ်းမတွေပေါ်မှာ အကြောင်းမဲ့လှည့်လည်တာ ဆောင်းဘောက်တွေကျယ်ကျယ်လောင်လောင်ဖွင့်ပြီး လှည့်လည်အရက်သောက်တဲ့ အင်ဒိုနီးရှားတစ်ချို့ကြောင့် ကျေးလက်နက်ကနေအိမ်တစ်ချို့ရဲ့နံရံတွေအက်ကွဲတာ၊ အမိုးတွေပြိုကျတာ၊ နေအိမ်တွေတုန်ခါတာတွေဖြစ်ပွားခဲ့ရတယ်လို့လည်း သိရပါတယ်။

အင်ဒိုနီးရှားဒေသခံတွေဟာ ပုံမှန်အနေနဲ့ မင်္ဂလာဆောင်တွေ၊ အရေဖျားလှီးဖြတ်တဲ့အခမ်းအနားတွေ လွတ်လပ်ရေးနေ့ပွဲတော်လို့နေ့ကြီးရက်ကြီးတွေနဲ့ ၂၄ နာရီကြတဲ့အခမ်းအနားတွေမှာ အသံအားကောင်းတဲ့ ဆောင်းဘောက်တွေကို ငှားရမ်းလေ့ရှိတယ်လို့လည်း သိရပါတယ်။

အဲဒီနားကွဲလောက်တဲ့ဆူညံသံတွေကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေ မြင့်မားနေသလို ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးတွေလည်းရှိလာတယ်လို့ ကျန်းမာရေးဌာနတာဝန်ရှိသူတွေကပြောပါတယ်။

PAN