(နိုင်ငံတကာ) ဩဂုတ် ၂၅

ဂျပန်နဲ့စင်ကာပူနှစ်နိုင်ငံဆက်ဆံရေးအတွက် အဓိကကူညီပံ့ပိုးပေးမှုအတွက် ဝန်ကြီးချုပ်ဟောင်း လီရှန်လွန်းကို ဂျပန်နိုင်ငံရဲ့ဂုဏ်သိက္ခာရှိသော ဂုဏ်ထူးဆောင် Grand Cordon of the Order of the Rising Sun ကို အပ်နှင်းခဲ့လိုက်တယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့မှာရှိတဲ့ ဝန်ကြီးချုပ်ရုံးမှာပြုလုပ်တဲ့အခမ်းအနားမှာ ဂျပန်ဝန်ကြီးချုပ် Shigeru Ishiba ရဲ့ ဂုဏ်ထူးဆောင်ဘွဲ့ကို လက်ခံရယူပြီးနောက် လီရှန်လွန်း က “ဒီဆုကို လက်ခံရရှိတဲ့အတွက် အလွန်ကိုဂုဏ်ယူမိတယ်လို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
သူ့ရဲ့ဆောင်ရွက်ချက်ဟာ ဆယ်စုနှစ်တွေအတွင်းမှာ နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးခိုင်မြဲစေဖို့အတွက် သူတို့ရဲ့ဂျပန်လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကြိုးကြိုးစားစားလုပ်ဆောင်ခဲ့ကြတဲ့ စင်ကာပူနိုင်ငံသားတွေရဲ့ မျိုးဆက်တွေကို ကိုယ်စားလုပ်ဆောင်ခဲ့တာလို့ လီ က ပြောပါတယ်။”
လီရှန်လွန်း ကိုအပ်နှင်းလိုက်တဲ့ ဂုဏ်ထူးဆောင်ဆုဟာ ဧကရာဇ်မင်းမြတ်အပ်နှင်းထားတဲ့ ထိပ်တန်းအဆင့်ဖြစ်တယ်လို့လည်း သိရပါတယ်။
၂၀၀၄ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ စင်ကာပူဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့တဲ့ မစ္စတာလီဟာ စီးပွားရေး၊ ကုန်သွယ်ရေး၊ ကာကွယ်ရေး၊ သံတမန်ရေးရာ၊ ပတ်ဝန်းကျင်နဲ့ ယဉ်ကျေးမှုအပါအဝင် နယ်ပယ်ပေါင်းစုံမှာ နှစ်နိုင်ငံဆက်ဆံရေး တိုးချဲ့နိုင်ခဲ့တယ်လို့ သိရပါတယ်။
မစ္စတာလီ ရဲ့ဦးဆောင်မှုအောက်မှာ စင်ကာပူနဲ့ ဂျပန်နိုင်ငံတို့ဟာ နှစ်နိုင်ငံအကြား အပြန်အလှန်နားလည်မှု၊ ချစ်ကြည်ရင်းနှီးမှုကိုမြှင့်တင်ဖို့အတွက် ကြီးမားတဲ့ပံ့ပိုးကူညီမှုနဲ့ နှစ်နိုင်ငံနဲ့နိုင်ငံတကာမှာနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ဂျပန်ဝန်ကြီးချုပ် Mr Ishiba က ပြောဆိုထားပါတယ်။