ဈေးကွက်အတွင်းမှာ ထိုင်းကုန်စည်တွေ ဈေးနှစ်ဆခန့်မြင့်တက်နေတယ်ဆိုတဲ့သတင်း”

(စီးပွားရေး) ဩဂုတ် ၂၅

မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးရပ်တန့်မှုကိုအကြောင်းပြကာ ဈေးကွက်အတွင်းထိုင်းကုန်စည်တွေ ဈေးနှစ်ဆခန့်မြင့်တက်နေတယ်လို့ သိရပါတယ်။

နယ်စပ်လမ်းကြောင်းပိတ်ဆို့မှုကြောင့် ကုန်သည်အချို့က ကုန်ပစ္စည်းတွေကို သိုလှောင်ထားသလို၊ ဈေးကစားတာတွေရှိနေတယ်လို့လည်း သိရပါတယ်။

လက်ရှိဈေးကွက်အတွင်းက ထိုင်းကုန်စည်တွေနေရာမှာ မြန်မာထုတ်ကုန်တွေနဲ့ အစားထိုးရောင်းချမှုတွေရှိလာပြီး အဲဒီလိုလုပ်ဆောင်ခြင်းဟာ ပြည်တွင်းထုတ်ကုန်ကို အားပေးရာ ရောက်တယ်လို့ လုပ်ငန်းရှင်တစ်ချို့ကပြောပါတယ်။  

 မြန်မာ – ထိုင်းနယ်စပ်ဂိတ်ကို ရုတ်တရက် ပိတ်လိုက်တာကြောင့် ထိုင်းဘက်ခြမ်းမှာ မြန်မာနိုင်ငံဘက်ကိုဝင်မယ့် ကုန်ကားအစီးရေ ၅၀၀ ဝန်းကျင်ဟာ လက်ရှိအချိန်ထိ ပိတ်မိနေတယ်လို့ သိရပါတယ်။

#PAN