
(မှုခင်း) သြဂုတ် ၂၂
တနင်္သါရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ တပို့ကျေးရွာအနီး၌ ခရီးသည်တင်ယာဥ်တစ်စီးအား အကြမ်းဖက်PDFအဖွဲ့မှ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
သြဂုတ်လ ၂၁ရက်နေ့ နံနက်၇နာရီခွဲအချိန်က ကော့သောင်းမြို့မှ ရန်ကုန်မြို့ဘက်သို့ ဦးမင်းလွင် ၃၂ နှစ်၊ (ဘ)ဦးရဲလင်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနေသူ မောင်းနှင်ပြီး ဦးရဲထွဋ် ၃၇ နှစ်၊ (ဘ)ဦးရဲလင်း၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနေသူပါ ၅ ဉီးလိုက်ပါလာသည့် ယာဉ်အမှတ် 4Q/5822၊ ရွှေအောင်သူ ခရီးသည်/ကုန်တင်မော်တော်ယာဉ်အား PDF အကြမ်းဖက်အဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့သည်။
အဆိုပါ အကြမ်းဖက်သမားများ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကားပြတင်းပေါက်မှန်များကွဲအက် ပျက်စီးကာ( တန်ဖိုးငွေကျပ် ၁၀ သိန်းခန့်)ဆုံးရှုံးခဲ့ကြောင်း သိရသည်။