တောင်ပစိဖိတ်ဒေသကက တရုတ်စစ်သင်္ဘောတွေနဲ့ပတ်သက်ပြီး နယူးဇီလန် စိတ်မသက်သာဖြစ်နေ

(နိုင်ငံတကာ) ဩဂုတ် ၂၂

တောင်ပစိဖိတ်ဒေသကို တရုတ်ရဲ့အင်အားကြီးမားတဲ့ စစ်သင်္ဘောတွေကို အကြောင်းကြားမှုမရှိပဲစေလွှတ်ထားတာကို တွေ့မြင်ရတယ်လို့ နယူးဇီလန်က ပြောပါတယ်။

တရုတ်ဟာ ပစိဖိတ်သမုဒ္ဒအတွင်းမှာရှိတဲ့ ကျွန်းနိုင်ငံတွေကို ဆေးရုံအသစ်တွေ၊ လမ်းသစ်တွေတွေနဲ့ ရာသီဥတုဆိုင်ရာအကူအညီတွေ ရက်ရောတဲ့ ကမ်းလှမ်းမှုတွေနဲ့ သူတို့ရဲ့ လက်လှမ်းမှီမှုကို ချဲ့ထွင်ဖို့ နှစ်ပေါင်းများစွာ အချိန်ယူခဲ့တယ်လို့ AFP ရဲ့စစ်တမ်းတစ်ဆောင်ကို ကိုးကားပြီး The Straits Time သတင်းစာက ဖော်ပြပါတယ်။

အခုလို တရုတ်ရဲ့သံတမန်ရေးကြိုးပမ်းမှုတွေဟာ တရုတ်စစ်တပ်ရဲ့ အာဏာကို ပိုမိုထက်မြက်တဲ့ ပြသမှုကို တိုးစေတယ်လို့လည်း ဆိုပါတယ်။

တရုတ်စစ်သင်္ဘောသုံးစင်းဟာ ဩစတြေးလျနဲ့ နယူးဇီလန်ကြားက Tasman ပင်လယ်မှာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလက ခုတ်မောင်းနေတာကိုမြင်တွေ့ခဲ့ရပေမယ့် သူတို့ရဲ့ရေပိုင်နက်အနီးမှာအခုလို မြင်တွေ့ရတာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း နယူးဇီလန်တာဝန်ရှိသူတွေက ပြောပါတယ်။

ကျွန်တော်တို့ကမ်းခြေနဲ့ နီးနီးနားနားမှာ ဒီလို စွမ်းရည်ရှိတဲ့ ရေယာဉ်တွေတခါမှ မတွေ့ဖူးပါဘူး၊ အခုမြင်တွေ့ရတဲ့ သင်္ဘောတွေက ဝေဟင်၊ ကုန်းမြေ၊နဲ့ ရေကြောင်းစစ်ပွဲအတွက် တပ်ဆက်ထားတဲ့သင်္ဘောတွေဖြစ်တယ်လို့ နယူးဇီလန်တာဝန်ရှိသူတစ်ဦးက သတင်းစာရှင်းလင်းပွဲတစ်ခုမှာပြောဆိုထားပါတယ်။

အဲ့ဒီသင်္ဘောအုပ်စုထဲမှာ ကမ္ဘာပေါ်မှာ တိုးတက်ဆုံးစစ်သင်္ဘောတွေထဲကတစ်ခုဖြစ်တဲ့ Renhai အတန်းစား ဖက်သင်္ဘောနဲ့ တရုတ်ရဲ့စွမ်းရည်အရှိဆုံးရေကြောင်းတိုက်ပွဲဝင် သင်္ဘောတွေလည်းပါဝင်တယ်လို့လည်းပြောပါတယ်။
၂၀၂၀ ခုနှစ်မှာ စတင်တာဝန်ယူခဲ့တဲ့ Renhai-အတန်းအစားဖျက်သင်္ဘောကို တောင်ပစိဖိတ်ဒေသမှာ မြင်တွေ့ရတာဟာ ဒုတိယအကြိမ်ဖြစ်တယ်လို့ နယူးဇီလန်ကာကွယ်ရေးအရာရှိတွေက မှတ်ချက်ပြုထားပါတယ်။

ဖေဖော်ဝါရီလက နယူးဇီလန်ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ရှင်းလင်းချက်မှာတော့ “ဒီအဖွဲ့ကို ဘာကြောင့် ကျွန်တော်တို့ဒေသမှာ တပ်စွဲထားသလဲဆိုတာကို တရုတ်အစိုးရက အကြောင်းကြားထားတာမရှိလို့ ပြောဆိုထားခဲ့ပါတယ်။

ထောက်ပံ့ရေးရေနံတင်သင်္ဘောတစ်စင်းနဲ့ အငယ်စားရေတပ်ဖရီးဂိတ်သင်္ဘောတစ်စီးတို့နဲ့ စောင့်ကြပ်ထားတဲ့ Renhai အတန်းအစားဖျက်သင်္ဘော Zunyi ကို ဖေဖော်ဝါရီ လလယ်ပိုင်းက သြစတြေးလျအရှေ့ဘက်ကမ်းရိုးတန်းမှာ တွေ့ရှိခဲ့တယ်လို့သိရပါတယ်။