(မှုခင်း) ဩဂုတ် ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြိုနယ်၊ တာကော်အက်ကျေးရွာ တံတားအနီးတွင် TOYOTA VIGO ယာဉ်အား ဩဂုတ် ၁၈ ရက် ည ၈ နာရီ ၃၀ မိနစ်အချိန်တွင်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြိုနယ်၊ တာကော်အက်ကျေးရွာ တံတားအနီးတွင် တန့်ယန်းမြို့ မှ ပန်ဆန်းမြို့သို့ ဆမ်မိန်း၊ ၂၉ နှစ် မောင်းနှင်ပြီး အိုက်ဆမ်၊ ၂၀ နှစ်နှင့် မအေးဆာ၊ ၂၀ နှစ်တို လိုက်ပါလာသည့် W-ML xxxxx နံပါတ်တပ်ဆင်ထားသည့် TOYOTA VIGO ယာဉ်ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှစစ်ဆေးရှာဖွေရာ ဘိန်းဖြူအလေး ချိန် ၃၇ ဒသမ ၁ ကီလို(ယင်းဒေသ တန်ဖိုးငွေကျပ် ၅၅၆၅ သိန်း)ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် ဩဂုတ် ၁၉ ရက် မွန်းလွဲ ၂ နာရီခွဲတွင် သတင်းအရ သာစည်မြို့နယ် ပြည်ညောင်ကျေးရွာအုပ်စု ပြည်ညောင်ကျေးရွာအနီး မိတ္ထီလာ-တောင်ကြီးသွား ကားလမ်းဘေးရှိ ဝိုင်းဖွဲထိုင်နေသူ ကြည်လွင်၊ ၃၉ နှစ်၊ မမေစနိုး(ခ)မငယ်၊ ၃၅ နှစ်၊ မဆန်းမြ(ခ)ဝတုတ်၊ ၅၆ နှစ်နှင့် ဘိုလှ၊ ၂၅ နှစ် တို့ကို ရှာဖွေစစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ (ယင်းဒေသ တန်ဖိုးငွေကျပ်သိန်း ၄၀၀)ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
#PAN