(မှု့ခင်း) သြဂုတ် ၁၃

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ကျန်တန်းရပ်ကွက်၊ တိုးချဲ့(၂)ရပ်တွင် ယနေ့ သြဂုတ် ၁၃ နေ့ နံနက် ၉ နာရီ ၁၀ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၂၈ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၉ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ပြီး၊ မနန္ဒာလင်း၊ ၃၆ နှစ်၊ (ဘ)ဦးကျော်မြင့်၊ စက်ယက္ကန်းချည်ချလုပ်ငန်းလုပ်ကိုင်သူ၏ ထရံကာသွပ်မိုး ၂ ထပ်နေအိမ်မှ အတွင်းမိန်းခုံ ဝါရာရှော့ဖြစ်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် မနန္ဒာလင်း၏ သွပ်မိုးထရံကာ ၂ ထပ်နေအိမ် ၁လုံး၊ ဦးဝင်းမောင်၏ သွပ်မိုး၊ ထရံကာ ၂ ထပ်နေအိမ် ၁ လုံး၊ သွပ်မိုးစမတ်ဘုတ်ကာ ဂိုဒေါင် ၁ လုံး၊ ဦးထွန်းထွန်း၏ နံကပ်တိုက် ၂ ထပ်နေအိမ် ၁ လုံး၊ ဦးစိုးအောင၊(ကိုယ်ရေးစိစစ်ဆဲ)၏ နေအိမ်တွင် ငှားရမ်းနေထိုင်သူ ကျော်ဇင်ထက် ဖုန်းပြုပြင် လုပ်ငန်း ၏ သွပ်မိုးထရံကာ ၂ ထပ်နေအိမ် ၁ လုံး၊ ဦးစိန်ဝင်း၏ မြေစိုက် ၁ ထပ်နေအိမ် ၁ လုံး၊ စုစုပေါင်း နေအိမ် ၅ လုံး၊ ဂိုဒေါင် ၁ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မီးလောင်ကျွမ်းမှု ကြောင့် စုစုပေါင်းကာလတန်ဖိုး (၁၃၅)သိန်းကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်းနှင့် မီးပေါ့ဆစွာသုံးစွဲသူ မနန္ဒာလင်း အား ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

#PAN