

(မှုခင်း) ဩဂုတ် ၅
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ အားကေကျေးရွာတွင် ဩဂုတ်လ ၄ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ် အချိန်ခန့်က ပိုင်ရှင် ဦးလော့ဂျယ်ပိုင်ဆိုင်သော (၄၀x၂၀)ပေ၊ သွပ်မိုး၊ ထရံကာ(၁)ထပ် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ရခြင်းအကြောင်းအရင်းမှာ နေအိမ်တွင် ယာယီသွယ်တန်းထားသော မီးပလပ်ခုံ အပူလွန်ကဲပြီး အနီးရှိ အိပ်ယာမှ တစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုဖြစ်ပွားသော နေရာသို့ တာချီလိတ်ခရိုင်အတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ်(၅)စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ ၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရပြီး မီးလောင်မှုကြောင့် (၄၀x၂၀)ပေ၊ သွပ်မိုး၊ ထရံကာ(၁)ထပ်နေအိမ်(၁)လုံး၊ (၃၀x၃၀)ပေ၊ သွပ်မိုး၊ ထရံကာ(၁)ထပ်နေအိမ်(၁)လုံး စုစုပေါင်း နေအိမ်(၂)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် လူထိခိုက်မှုမရှိကြောင်း မီးသတ်ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။