
(မှုခင်း) မေ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ကလေးငယ် ၃ ဦး ရေကန်အတွင်းရေဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။
မေလ ၁၇ ရက် ညနေ ၆ နာရီ ခွဲအချိန်ခန့်က ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၂)၊ ရေချမ်းအိုးတောင်ရွာ၊ ဖက်စွပ်ကန်အတွင်းသို့ ကလေးငယ် ယောက်ျားလေး ၃ ဦး ရေဆင်းဆော့ကစားရာမှ ရေနစ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုရေနစ်သေဆုံးခဲ့သည့် ကလေးငယ်များမှာ အသက် ၉ နှစ်၊ ၁၁ နှစ် နှင့် ၁၂ နှစ်အရွယ်တွေဖြစ်ကြပြီး ကလေးငယ် ၃ ဦးစလုံးမှာ ရေချမ်းအိုးတောင်ရွာမှကလေးငယ်များ ဖြစ်ကြောင်းလည်းသိရသည်။
အဆိုပါရေနစ်သေဆုံးသည့် ကလေးငယ်များအား ပြင်ဦးလွင်မှ ပရဟိတနာရေးကူညီမှုအသင်းတို့တွေက အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး ရေနစ်သေဆုံးသူ ကလေးငယ်များ၏ ရုပ်အလောင်းများကို ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးအရေး ပေါ်ဌာနသို ပို့ဆောင်ကူညီပေးခဲ့ကြောင်းသိရသည်။