တပ်မတော်ထံ အလင်းဝင်သွားသူများအား တော်လှန်ရေး သစ္စာဖောက်များ အဖြစ် သတ်မှတ်ကာ တပ်ပြေး အဖြစ် PDFကြေညာ

(ပြည်တွင်း) မေ ၁၈

တပ်မတော်ထံ အလင်းဝင်ရောက်သွားသည့် မကွေးတိုင်းနှင့် ပဲခူးတိုင်းအခြေစိုက် PDFတပ်ရင်များမှာ PDFများအား
တော်လှန်ရေး သစ္စာဖောက်များ အဖြစ် သတ်မှတ်ကာ တပ်ပြေး အဖြစ် သက်ဆိုင်ရာအွဲ့စည်းအသီးသီးမှ ထုတ်ပြန်ကြေညာကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်အမှတ် ၄တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေရင်း တပ်မတော်ထံ အလင်းဝင်ရောက်ပူးပေါင်းသွားသူ ၉ဦးကို အမည်ပျက်စာရင်းကြေညာကြောင်း သရက်ခရိုင်အမှတ် ၄တပ်ရင်းက ယနေ့(မေ၁၈ရက်)ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အဆိုပါ တပ်မတော်နှင့် ပူးပေါင်းသွားသူများမှာ ကံမမြို့နယ်၊ ရေနံ့သာကျေးရွာနေ ဖလက် (ခ)သက်ထွန်း၊ ဝက် ကုန်းကျေးရွာနေ စစ်သွေး (ခ) သက်နိုင်ထွန်း၊ ဇွေးမိကျေးရွာနေ တာတီး (ခ) ငဖြိုး၊ ခြောက်ပင် ကျေးရွာနေ သီဟ (ခ) ကျော်သီဟ၊ သရက်မြို့နယ်၊ ပျဉ်းအိုင်ကျေးရွာနေ ဝိုင်းလေး (ခ) ထွန်းနိုင်ဝင်း၊ တောင်မင်းတဲရပ်ကွက်နေ လိုက်ဂါးခေါ် (ခ) သက်ပိုင်စိုးနှင့် နွေဦး (ခ) ကောင်းခန့်ဟိန်း၊ မင်းတုန်းမြို့ နယ်၊ ပြောင်းကျေးရွာနေ တာနော် (ခ) ရှင်းသန့်မောင်နှင့် ကံတွင်းကျေးရွာနေ မြတ်သူ (ခ) နိုင်ထက် ဝေတို့ဖြစ်ကြောင်း သိရသည်။

အလားတူ မေလ၁၇ရက်နေ့တွင် ပဲခူးတိုင်းအခြေစိုက် နဂါးနီတပ်ရင်း တပ်ခွဲ(၁)မှ ခန့်စည်သူ၊ လင်းထက်၊ အာကာတို့သည် တပ်ရင်းမှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများအား မလိုက်နာဘဲ တပ်ကို စွန့်ခွာထွက်ပြေးသွားခဲ့ကြောင်း ၊ထို့အပြင် တပ်ရင်းရှိ တာဝန်ထမ်းဆောင်နေသော PDFများအား စိတ်ဓာတ်ပျက်ပြားစေရန်၊ တပ်ရင်းပျက်စီးစေရန် သွေးဆောင်ဖျားယောင်းခြင်းများအား လုပ်ဆောင်နေသဖြင့် “တော်လှန်ရေး သစ္စာဖောက်များ” အဖြစ် သတ်မှတ်ကာ “တပ်ပြေး” အဖြစ် နဂါးနီတပ်ရင်း မှ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။