ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် လုံခြုံရေးအဖွဲ့နှင့် အကြမ်းဖက်PDFအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ ရလုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး

(ပြည်တွင်း) သြဂုတ် ၅

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၈၈/၇ရှိ တလင်းကုန်းတံတား၌ လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များအား အကြမ်းဖက်PDFအဖွဲ့မှ လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယနေ့ နံနက်၅နာရီအချိန်ခန့်က  မိတ္ထီလာမြို့နယ်၊တလင်းကုန်းကျေးရွာအနီး ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၈၈/၇ရှိ တလင်းကုန်းတံတား၌ လုံခြုံရေးဆောင်ရွက်နေသည့်   ရဲတပ်ဖွဲ့ဝင် ၁၁ဦးမှ လုံခြုံရေးဆောင်ရွက်နေစဉ် အနောက်ဘက် ၃ဖာလုံခန့်အကွာမှ အကြမ်းဖက်သောင်းကျန်းသူအင်အား ၁၅ဦးခန့်က လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်၍ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နံနက်၅နာရီ၅မိနစ် အချိန်တွင် ပစ်ခတ်မှုရပ်တန့်ခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများ  ဆုတ်ခွာထွက်ပြေးသွားကြောင်းလသိရသည်။

အဆိုပါထိတွေ့မှုဖြစ်စဉ်တွင် ရဲတပ်သား တစ်ဦးတွင် ဘယ်ဘက်ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်ရရှိခဲ့ပြီး မိတ္ထီလာမြို့၊အမှတ်(၁)တပ်မတော်ဆေးရုံကုတင် ၅၀၀သို့ ပို့ဆောင်ဆေးကုသမှုခံယူခဲ့သော်လည်း  ရရှိဒဏ်ရာဖြင့် ကျဆုံးသွားခဲ့ကြောင်း သိရသည်။