(ပြည်တွင်း) သြဂုတ် ၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့၊ ဆည်ရွာကျေးရွာ၌ ကျောင်းဆရာမ တစ်ဦးအား အကြမ်းဖက်သမားများက သတ်ဖြတ်သွားကြောင်း သိရသည်။
ဖြစ်စဉ်တွင် သြဂုတ်လ ၁ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ခန့်က ဒေါ်ဝါဝါမိုး၊ ၄ဝ နှစ်၊ (ဘ)ဦးကျော်လွင်၊ အ.ထ.က (ခွဲ)ဆည်ရွာကျေးရွာ၊ မူ/ပြဆရာမသည်
၎င်း၏နေအိမ်၌ မိဘနှစ်ပါးနှင့် အတူရှိနေစဉ် ရွာ၏အနောက်မြောက်ဘက် တမခါးကျေးရွာဘက်မှ အကြမ်းဖက် PDF ၇ ဦးခန့်မှာ ဆိုင်ကယ် ၃ စီးဖြင့် သေနတ်များ ကိုင်ဆောင်ကာရောက်ရှိလာပြီး ဒေါ်ဝါဝါမိုး ရှိလားဟု မေးမြန်းသဖြင့် ဒေါ်ဝါဝါမိုးမှ အိမ်အတွင်းမှထွက်လာစဉ် ၎င်းတို့မှ “မှောက်၊ အကုန်မှောက်ဟု ပြောဆိုကာ” သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် PDF အဖွဲ့၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဒေါ်ဝါဝါမိုးသည် ဝဲ-လက်ကောက်ဝတ် ဖောက်ဝင်ဒဏ်ရာ၊ ခါးဖောက်ဝင် ဝမ်းဗိုက်ဖောက်ထွက်ဒဏ်ရာ၊ ဝဲ-တင်ပါးဖောက်ဝင်ဒဏ်ရာတို့ဖြင့် သေဆုံးသွားကြောင်း သိရသည်။
ညောင်ဦးမြို့နယ်ရှိ အခြေခံပညာကျောင်းများ မဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ပါက သတ်ပြစ်မည်ဟု ဆရာ/ဆရာမများအား အကြမ်းဖက် PDF အဖွဲ့က ခြိမ်းခြောက်စာပို့ ထားကြောင်းသိရပြီး၊ အကြမ်းဖက် PDF အဖွဲ့၏ပြစ်ခတ်မှုကြောင့် ယနေ့ချိန်ထိ ပညာရေးဝန်ထမ်း ၈၁ ဦးအထိသေဆုံးခဲ့ကြောင်း သိရသည်။
#PAN