ဟိုပုံး နှင့် ပင်လုံကြား ကျောက်တန်းလမ်းပိုင်း ပြန်လည်ဖြတ်သန်းခွင့်ပြု

(ပြည်တွင်း)  ဩဂုတ် ၁

ရှမ်း‌ပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်အတွင်းရှိ ဟိုပုံးနှင့်ပင်လုံကြားရှိ ကျောက်တန်းလမ်းပိုင်းကို ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်က ပြန်လည်ဖြတ်သန်းခွင့်ပြုလိုက်ပြီးဖြစ်ကြောင်း သိရပါတယ်။

ဇူလိုင် ၂၈ ရက်မှာ မိုးရွာသွန်းရာမှ မြေပြိုမှုများဖြစ်ပွားခဲ့ခြင်းကြောင့် ယင်းလမ်းပိုင်းကို ဖြတ်သန်းသွားလာမှု ယာယီပိတ်ထားခဲ့ရခြင်းဖြစ်ပါတယ်။

မိုးသည်းထန်မှုကြောင့် ရေတိုက်စားပျက်စီးခဲ့ရသည့် ရွာငံ – အောင်ပန်းအကြားရှိ မြိုင်ရွာအနီးက လမ်းပိုင်းကို ယာယီလမ်းဖောက်လုပ်ပေးထားပြီး ကားကြီးကားငယ်များကို အလှည့်ကျလွှတ်ပေးနေကြောင်းလည်း သိရပါတယ်။