PDF ဖမ်းဆီးသွားတဲ့ ရေနံ့သာဒင်းဂါးနဲ့အဖွဲ့ ကို ဒေသခံတွေစိတ်ပူနေ

(ပြည်တွင်း) ဇူလိုင် ၁၁

အညာ(ရေနံချောင်းဒေသ) စိမ်းလန်းဖို့ သစ်ပင်စိုက် ရေကန်တူးနေတဲ့ ရေနံ့သာ ဒင်းဂါး (ခေါ်) ကိုဝေလင်းထွန်းနဲ့အဖွဲ့ကို PDF အကြမ်းဖက်တွေကဖမ်းဆီးသွားတာကြောင့် ဒေသခံတွေက စိတ်ပူနေကြတယ်လို့ သိရပါတယ်။

ရေနံ့သာ ဒင်းဂါး (ခေါ် ) ကိုဝေလင်းထွန်း၊ ပုပ္ပါးတောင်ဥယျာဉ်က သစ်တောဦးစီးအရာရှိနဲ့  ဝန်ထမ်း တွေပါဝင်တဲ့ ၅ ဦးဟာ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးအရပ်မှာ သစ်ပင်စိုက်သွားစဥ် PDF တွေက ဖမ်းဆီးခဲ့တာလို့လည်း ဒေသခံတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်က ပုပ္ပါးတောင်မကြီး တောင်ဘက်ခြမ်းက ရေဆူ စခန်းမှာ သစ်ပင်စိုက်ကြရင်း ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အခုချိန်ထိပျောက်ဆုံးနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

PDF အကြမ်းဖက်လောဘီတွေကတော့ NUG က Non_CDM တွေကိုအရေးယူဖို့ပြောဆိုထားတာကြောင့် ဖမ်းဆီးသွားတာလို့ ပြောဆိုရေးသားမှုတွေလည်း Online က လူမှုကွန်ယက်တွေမှာ ပြောဆိုထားကြပါတယ်။

အညာဒေသ အပူချိန်လျောချဖို့နဲ့ စိမ်းလန်းစိုပြေဖို့ မိုးဦးမှာ သစ်ပင်တွေကိုရသလောက်စိုက်ပျိုးနေတဲ့အဖွဲ့ကို ဖမ်းဆီးခဲ့တဲ့ PDF အဖွဲ့တွေကို ဒေသခံတွေက ဝေဖန်မှုတွေမြင့်တက်နေတာဖြစ်ပါတယ်။