(စီးပွားရေး) နိုဝင်ဘာ ၆

မြန်မာ့ရွေးကောက်ပွဲရာသီဖြစ်တဲ့ နိုဝင်ဘာလဆန်းပိုင်းကစတင်ကာ ကမ္ဘာ့ရွှေဈေးက တစ်ရှိန်ထိုးကျဆင်းလာပြီး ပြည်တွင်းရွှေဈေးပါ ပြန်ကျလာနိုင်တယ်လို့ ရွှေဈေးကွက်အတွင်းက သိရပါတယ်။
ကမ္ဘာ့ရွှေဈေးဟာ အောက်တိုဘာလ ၃၀ ရက်နေ့မှာ တစ်အောင်စကို ၄၀၄၀ ဒသမ ၃၅ ဒေါ်လာရှိရာကနေ နိုဝင်ဘာလ ၅ ရက်မှာ တစ်အောင်စကို ၃၉၃၈ ဒသမ ၆၂ ဒေါ်လာဖြစ်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးဟာလည်း တစ်ကျပ်သား ၈၅ သိန်းကျော်အထိ မြင့်တက်လာပြီး ယခုအခါ ၈၃ သိန်းသာရှိတော့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဈေးကွက်အတွင်းရောင်းချရမယ့် ရည်ညွှန်းဈေး တစ်ကျပ်သားကို ၅၉ သိန်း ၇ သောင်းဖြင့်ရောင်းချဖို့ ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီက သတ်မှတ်ထားပါတယ်။
ပြည်တွင်းရွှေဈေးကွက်အတွင်း ရွှေဈေးတက်နေပေမယ့် အရောင်းအဝယ် အေးနေပြီး အရောင်းပိုများတယ်လို့ သိရပါတယ်။
#PAN