ဥိးစီးအရာရှိအဆင့်အောက်ဝန်ထမ်းတွေကို အခမဲ့ခရီးသွားနိုင်အောင် ဆောင်ရွက်ပေးမယ်လို့ ပြည်ခိုင်ဖြိုးကတိပေး

(2025 ELECTION)6 NOV

ဝန်ထမ်းတွေရဲ့သွားရေးလာရေးနဲ့ပတ်သက်ပြီး ဝန်ထမ်းကဒ်ကို အတုအပလုပ်လို့မရအောင် EID ဌာနကဆောင်ရွက်ပေးနေတဲ့ မှတ်ပုံတင် UID စနစ်ဆောင်ရွက်ပေးမှာဖြစ်ပြီး ဝန်ထမ်းကဒ်ကိုအသုံးပြုပြီးတော့ ကုန်ကြောင်း ရေကြောင်း လေကြောင်းတွေမှာ ဦးစီးအရာရှိအဆင့်အောက်ရှိတဲဝန်ထမ်းအားလုံးကို အခမဲ့ ခရီးသွားလာခွင့်ရရှိအောင် စီမံဆောင်ရွက်ပေးမယ်လို့ ပြည်ခိုင်ဖြိုးပါတီက ကတိပြုပြောဆိုလိုက်ပါတယ်။

လက်ထောက်ညွှန်ကြားရေးမှူး ဒုတိယညွှန်ကြားရေးမှူးအပိုင်းကိုတော့ ကုန်ကြောင်း ရေကြောင်း လေကြောင်းတွေရဲ့ ကုန်ကျစရိတ်ရဲ့ သုံးပုံတစ်ပုံ သာကျခံဖို့နဲ့ အဲ့ဒီအထက်အဆင့်တွေကိုတော့ သာမန်စျေးနှုန်းအတိုင်းပဲ ကျခံတဲ့စနစ်ကိုအသုံးပြုမယ်လို့ ဦးခင်ရီကပြောပါတယ်။

ဒါ့အပြင် ဝန်ထမ်းတွေဂုဏ်သိက္ခာရှိစွာရပ်တည်နိုင်ဖို့အတွက် ခြေခံလစာတွေကိုအခြေအနေတွေနဲ့လိုက်လျောညီထွေ တစ်ဆင့်ချင်း လိုအပ်သလိုတိုးမြှင့်သွားမယ်လို့ ပြည်ခိုင်ဖြိုးပါတီက ကတိပေးလိုက်ပါတယ်။

ဝန်ထမ်းတွေကိုလစာတိုးပေးတဲ့အခါမှာ ဖြစ်လေ့ဖြစ်လေ့ ဖြစ်ထရှိတဲ့ ကုန်စျေးနှုန်းတက်တာတွေဖြစ်တဲ့အတွက်ကြောင့် ဒီလိုမဖြစ်အောင် ဥပဒေ ညွှန်ကြားချက် အပါအဝင်ထိန်းကြောင်းခြင်း ယန္တရားတွေတည်ဆောက်ပြီးတော့ ဝန်ထမ်းတွေရဲ့ တိုးမြှင့်တဲ့လစာအပေါ်အကျိုးခံစားခွင့်ရှိအောင် ထိထိရောက်ရောက် ဆောင်ရွက်သွားမယ်လို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီက ကတိပြုပြောဆိုခဲ့တာဖြစ်ပါတယ်။

ဝန်းထမ်းတွေ နေထိုင်ရေးမှာနောက်ကြောင်းအေးအောင် အစိုးရ ပုဂ္ဂလိက ပူးပေါင်းပြီး နေထိုင်ရေးကိစ္စတွေကိုတစ်စချင်းပြည့်စုံလာအောင် စီမံဆောင်ရွက်သွားမယ်လို့လည်း သူက ပြောပါတယ်။

အငြိမ်းစားယူတဲ့အခါမှာလည်း ထိုက်သင့်တဲ့အဆင်ပြေမှုတွေဖြစ်လာစေဖို့ စီမံဆောင်ရွက်ပေးမယ်လို့လည်းဆိုပါတယ်။

အသက် ၆၂ နှစ်မှာအငြိမ်းစားယူရပေမယ့် ကျန်းမာတဲ့ဒီအသက်အရွယ်က တစ်ချို့လုပ်ငန်းတာဝန်တွေကိုထမ်းဆောင်လို့ရသေးတာကြောင့် စာကြည့်တိုက်စောင့် ယဥ်ကျေးမှုပြတိုက်တွေမှာအမှုထမ်းတာတို့လို ဆောင်ရွက်ခွင့်ပေးနိုင်ရင် ပိုနေတဲ့အချိန်တွေအကျိုးရှိစွာအသုံးချနိုင်မယ့်အပြင် နိုင်ငံတော်အနေနဲ့ လူသားအရင်းအမြစ်ကို ပြန်လည်အသုံးချခွင့်ရမယ်။ သူ့အတွက်လည်း အသုံးချခွင့်အသင့်သင့်ရမယ်ဆိုတော့ အားလုံးအတွက်အဆင်ပြေလို့ အကောင်အထည်ဖော်မယ်လို့လည်း ပြောပါတယ်။